url stringlengths 33 36 | title stringlengths 6 328 | content stringlengths 0 30.9k |
|---|---|---|
https://www.moi.gov.mm/article/27256 | လူ နဲ့ ပိုး | သမားအို “လူတွင်ပါလို့ နွားကျားကိုက်ခံရတာ” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားဟာ ကိုဗစ်-၁၉ ကပ်ရောဂါက ပေးထားတဲ့ သင်ခန်းစာနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။ ၂၀၂၀ နှစ်ဆန်း ကိုဗစ်-၁၉ ရောဂါသတင်းတွေ ကြားခါစက တွေးရိုးတွေးစဉ် တွေးကြတဲ့ ဆရာဝန် တွေရဲ့ပါးစပ်က နှစ်ပတ်ပဲ သည်းခံရင် ရောဂါပြဿနာ ကျသွားမယ်လို့ ပြောခဲ့ကြပါတယ်။ ရောဂါ ခြေချုပ်လုပ်ဖို့... |
https://www.moi.gov.mm/article/83245 | စိုက်ပျိုးမြေများအတွက် အရေးပါသော သစ်စိမ်းမြေဩဇာများ | မေဖြိုးဝေ(YAU) ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေရပြီး အကျိုးဆက်အနေဖြင့် မြေဆီလွှာပျက်စီးဆုံးရှံးမှုများ ဖြစ်ပေါ်ကာ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းလည်း ကျဆင်းလာပါသည်။ ယနေ့ခေတ်တွင် မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းရန်နှင့် ဓာတ်မြေဩဇာအပေါ် အလွန်အကျွံမှီခိုအသုံးပြုမှုကို လျှော့ချရန် သဘာဝမြေဩ... |
https://www.moi.gov.mm/article/79447 | MSME အသွင် သက်ဝင်လာသည့် မြန်မာ့ဂုဏ်ဆောင် ရိုးရာလက်ရက်ကန်းလုပ်ငန်း | ငွေစန္ဒာ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်သွယ်တန်းထားသည့် ချည်ခင်များကြားဝယ် ဒေသခံ လုံမပျိုတစ်ဦးက ခြေနင်းတံ ဝါးလုံးလေးလုံးကို မှန်မှန်နင်းကာ လက်ကလည်း ရက်ကန်းကြိုးကို မှန်မှန်လွှဲနေသည်။ လွန်းအိမ်က ဘယ်ညာပြေးလွှားလှုပ်ရှားနေသော်လည်း သူ၏စိတ်အာရုံက တဖြည်းဖြည်းပုံပေါ်လာမည့် အဆင်ဆန်းပေါ်တွင် စူးစိုက်တည်ငြိမ်လွန်းသည်။ စုတ... |
https://www.moi.gov.mm/article/15792 | မိုးဉတုနှင့် အဆုတ်ပွရောဂါ | အဆုတ်ပွရောဂါသည် မိုးဥတုတွင် အဖြစ်များသော ရောဂါဖြစ်သည်။ အဆုတ်လေပြွန်များ အတွင်း ရေငွေ့များဝင်ရာမှ ပြန်မထွက်နိုင်သောအခါ အအေးပတ်ပြီး အဆုတ်အအေးပတ်ရောဂါ ဖြစ်သည်။ ထို့နောက် အဆုတ်ပွရောဂါ၊ အဆုတ် ရောင်ရောဂါများ ဆက်၍ဖြစ်လာနိုင်သည်။ မိုးရေထဲသွားနေသူများသည် ရှူသွင်းသော လေတွင် ရေငွေ့ များပါသဖြင့် ကြာလာသောအခါ အဆုတ်အတွင်းတွင် ပြန်မထွ... |
https://www.moi.gov.mm/article/81365 | ခံတွင်းကျန်းမာမှ လူကျန်းမာမည် | (ဒေါက်တာငြိမ်းချမ်းအေး၊ သွားကျန်းမာ) “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည်လာဘ်တစ်ပါးဟု ဆိုရိုးရှိသည်နှင့်အညီ လောကတွင် ကျန်းမာရေးပြည့်စုံကောင်းမွန်ခြင်းသည် ဘုရားပေးသော ဆုလာဘ်တစ်ပါးဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးတို့ကို ရည်မှ... |
https://www.moi.gov.mm/article/52831 | သမီးလေးနှင့် တစ်နေ့တာမှသည် နိုင်ငံချစ်စိတ်ဆီသို့ | ခန့်ဇော် (ကျေးလက်) စာရေးသူတာဝန်ထမ်းဆောင်တာက နေပြည်တော်မှာ၊ မိသားစုက ရန်ကုန်မှာ၊ ကလေးတွေ ကျောင်းတက်တာက ရန်ကုန်မှာဆိုတော့ မိသားစုဘဝနဲ့ အလုပ် ကိစ္စများကို အချိုးညီမျှတစွာ ဆောင်ရွက်ဖို့ရာ အလွန်ခက်ခဲခဲ့ပါတယ်။ မောင်တစ်ရွာ၊ မယ်တစ်မြို့ပေါ့။ ကလေးတွေ ပုံမှန်နွေရာသီ ကျောင်းပိတ်ချိန်၊ နေ့ကြီးရက်ကြီး ကျောင်းပိတ်ရက်များမှာ အမျိုးသမ... |
https://www.moi.gov.mm/article/54662 | နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများ | တင်ထက်ထက်ဇော် မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဟူသော ဥတုသုံးလီသည် အကြမ်းဖျင်းအားဖြင့် တစ်နှစ်တာ၏ လေးလစီ ပိုင်းခြားထားသော်လည်း ကျယ်ဝန်းလှသည့် မြန်မာပြည်၌ အထက်ပိုင်း၊ အလယ်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသတို့တွင် အချိန်ကာလ ကွဲပြားသည်။ အထူးသဖြင့် အထက်မြန်မာပြည် မန္တလေးအပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသတို့တွင် နွေဥတုကာလရှည်၍ အ... |
https://www.moi.gov.mm/article/64991 | တရားမဝင်ကုန်သွယ်မှုနှင့် သူ၏ ဆိုးကျိုးများ | ကသရ တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်လုပ်ငန်းများ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များနှင့် သုံးစွဲသူပြည်သူများ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ အဆိုပါ ဆုံးရှုံးနစ်နာမှုများတွင် သတ္တုတရားမဝင်တူးဖော်ခြင်းနှင့် သစ်များ တရားမဝင်ခိုးထုတ်မှုများကြောင့် နိုင်ငံ့စီးပွားရေးသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း ဆိုးရွားစွာ ... |
https://www.moi.gov.mm/article/78510 | "မြန်မာ့စာမျက်နှာသစ် - ၂၀၂၅ ခုနှစ် ပါ(...TRUNCATED) | "မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (M(...TRUNCATED) |
https://www.moi.gov.mm/article/67101 | "မြန်မာ့ပိုးချည် အရည်အသွေးမြင့်မား(...TRUNCATED) | "အိအိအောင် ကမ္ဘာပေါ်တွင် ပိုးထည်လုပ(...TRUNCATED) |
MOI Myanmar Articles Dataset (DatarrX/moi-myanmar-articles)
Dataset Description
The MOI Myanmar Articles dataset is a collection of official articles extracted directly from the Ministry of Information (MOI) website of the Republic of the Union of Myanmar. This dataset is curated exclusively to foster the growth, research, and development of the Myanmar (Burmese) language within the fields of Natural Language Processing (NLP) and Machine Learning (ML).
Dataset Summary
- Publisher / Organization: DatarrX (Burmese: ဒေတာအက်စ်)
- Creator: Khant Sint Heinn (Burmese: ခန့်ဆင့်ဟိဏ်း)
- Original Source: Ministry of Information (MOI)
- Language: Myanmar (Burmese) (
my) - Total Records: 4,253 articles
Dataset Structure
The dataset is formatted as a DatasetDict containing a single train split.
- Split:
train - Number of rows: 4,253
- Output Format:
.parquet
Features
| Feature Name | Type | Description |
|---|---|---|
url |
string |
The direct URL to the original article on the MOI website. |
title |
string |
The official headline/title of the article. |
content |
string |
The full body text of the article. |
Creation Process & Methodology
The data was compiled using a robust Python web-scraping script designed to interface seamlessly with the official MOI portal. The scraper programmatically navigated through available pagination, extracted the article URLs, and accurately parsed the title and main text body using BeautifulSoup.
The extraction successfully mapped the targeted information into a clean, structured .parquet file format (train-full-00001-of-00001.parquet), ensuring high-quality formatting suitable for immediate use in machine learning pipelines.
For transparency, the complete source code of the scraping methodology can be reviewed in our GitHub repository: MOI Myanmar Scraper Repository
Legal Notice, Disclaimer, & Terms of Use
Please read this section carefully before utilizing the dataset. This dataset intersects with governmental intellectual property and is bound by specific terms of use.
1. Purpose and Non-Profit Declaration
This dataset was created and released by DatarrX with zero commercial intent. Our sole purpose is the advancement of the Myanmar language in artificial intelligence, machine learning, and natural language processing. DatarrX derives absolutely no financial benefit or profit from the distribution of this data.
2. Copyright & Intellectual Property
The original ownership, copyright, and intellectual property rights of all texts within this dataset belong entirely to the Ministry of Information (MOI), Myanmar. We provide this dataset "as is" and make no claims of ownership over the content itself.
3. Usage & Licensing
This dataset is distributed as open-source under the Creative Commons Attribution 4.0 International (CC BY 4.0) license for research and educational purposes. However, for any commercial utilization, it is highly recommended to seek direct and explicit permission from the Ministry of Information.
4. Zero Modification Policy (Exact Replica)
To preserve the integrity of the data, the dataset has been created identically to the source material. We have not altered, modified, omitted, or edited a single character. The data is presented as an exact replica of what was published on the official website. Nothing has been hidden, deleted, or adjusted to fit any specific narrative. We maintain profound respect for the original authors.
5. Disclaimer of Liability and Bias
The terminologies, vocabulary, statements, ideologies, and narratives present in this dataset strictly reflect the personal views, perspectives, and intent of the original authors and the publishing entity. Therefore, the data may contain inherent biases, political perspectives, or subjective opinions.
These views do not belong to, nor do they reflect the stance of, Khant Sint Heinn, DatarrX, or any associated contributors. Regardless of how biased the original text may be, we have objectively extracted the data without imposing our own views or making any personal adjustments.
DatarrX provides no warranty or guarantee for the content. Any issues, disputes, controversies, or differences of opinion regarding the subject matter lie strictly between the reader and the original author/publisher.
Citation (APA Format)
If you use this dataset in your research or application, please cite it using the following format:
Khant Sint Heinn, & DatarrX. (2026). *MOI Myanmar Articles Dataset* [Data set]. Hugging Face. https://huggingface.co/datasets/DatarrX/moi-myanmar-articles
Created with dedication for the advancement of Myanmar NLP by DatarrX.
Dataset အကြောင်း
MOI Myanmar Articles dataset ဆိုတာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန (MOI) ရဲ့ တရားဝင် website ကနေ တိုက်ရိုက်ထုတ်ယူထားတဲ့ တရားဝင်ဆောင်းပါးတွေ စုစည်းထားတာဖြစ်ပါတယ်။ ဒီ dataset ကို Natural Language Processing (NLP) နဲ့ Machine Learning (ML) နယ်ပယ်တွေမှာ မြန်မာဘာသာစကား ပိုမိုတိုးတက်လာဖို့၊ သုတေသနလုပ်နိုင်ဖို့နဲ့ ဖွံ့ဖြိုးလာစေဖို့ သီးသန့်ရည်ရွယ်ပြီး ဖန်တီးထားတာပါ။
Dataset အချက်အလက်များ
- ထုတ်ဝေတဲ့အဖွဲ့အစည်း - DatarrX (ဒေတာအက်စ်)
- ဖန်တီးသူ - Khant Sint Heinn (ခန့်ဆင့်ဟိဏ်း)
- မူရင်း Source - Ministry of Information (MOI)
- ဘာသာစကား - မြန်မာ (Burmese) (
my) - စုစုပေါင်း မှတ်တမ်းများ - ဆောင်းပါး ၄,၂၅၃ ပုဒ်
Dataset ဖွဲ့စည်းပုံ
ဒီ dataset ကို train split တစ်ခုတည်းပါတဲ့ DatasetDict ပုံစံနဲ့ ဖန်တီးထားပါတယ်။
- Split:
train - Row အရေအတွက်: ၄,၂၅၃
- Output Format:
.parquet
Features များ
| Feature နာမည် | အမျိုးအစား (Type) | ရှင်းလင်းချက် (Description) |
|---|---|---|
url |
string |
MOI website ပေါ်က မူရင်းဆောင်းပါးဆီကို တိုက်ရိုက်သွားလို့ရတဲ့ URL ပါ။ |
title |
string |
ဆောင်းပါးရဲ့ တရားဝင် ခေါင်းစဉ်ပါ။ |
content |
string |
ဆောင်းပါးရဲ့ စာသားအပြည့်အစုံပါ။ |
ဖန်တီးတည်ဆောက်ပုံ အဆင့်ဆင့်
ဒီ data တွေကို MOI ရဲ့ တရားဝင် portal နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ သေချာရေးဆွဲထားတဲ့ Python web-scraping script တစ်ခုကို သုံးပြီး စုစည်းထားတာပါ။ အဲဒီ scraper က page တွေကို program သုံးပြီး အလိုအလျောက်ကူးပြောင်းသွားတယ်၊ ဆောင်းပါး URL တွေကို ထုတ်ယူတယ်၊ ပြီးတော့ BeautifulSoup ကို သုံးပြီး ခေါင်းစဉ်နဲ့ အဓိကစာသားတွေကို တိတိကျကျ ဆွဲထုတ်ယူထားတာပါ။
အဲဒီလို ဆွဲထုတ်ပြီးတော့ လိုချင်တဲ့ အချက်အလက်တွေကို သန့်ရှင်းသပ်ရပ်တဲ့ .parquet file (train-full-00001-of-00001.parquet) အနေနဲ့ သိမ်းဆည်းလိုက်ပါတယ်။ ဒါကြောင့် machine learning pipeline တွေမှာ ချက်ချင်းအသုံးပြုဖို့ သင့်တော်တဲ့ အရည်အသွေးမြင့် format တစ်ခု ရလာတာပေါ့။
ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် scraping လုပ်ခဲ့တဲ့ source code အပြည့်အစုံကို ကျွန်တော်တို့ရဲ့ GitHub repository မှာ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်- MOI Myanmar Scraper Repository
ဥပဒေရေးရာ၊ တာဝန်ယူမှုကင်းလွတ်ခွင့်နဲ့ အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များ
ဒီ dataset ကို မသုံးခင် ဒီအပိုင်းလေးကို သေချာဖတ်ပေးပါနော်။ ဒီ dataset ဟာ အစိုးရရဲ့ ဉာဏပိုင်ဆိုင်မှုတွေနဲ့ ဆက်စပ်နေပြီးတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အကျုံးဝင်ပါတယ်။
၁။ ရည်ရွယ်ချက်နဲ့ အကျိုးအမြတ်မယူကြောင်း ကြေညာချက်
ဒီ dataset ကို DatarrX ကနေ စီးပွားရေးရည်ရွယ်ချက် လုံးဝမပါဘဲ ဖန်တီးဖြန့်ဝေထားတာပါ။ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ AI, Machine Learning နဲ့ NLP နယ်ပယ်တွေမှာ မြန်မာစာ ပိုတိုးတက်လာစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ DatarrX အနေနဲ့ ဒီ data တွေကို ဖြန့်ဝေတာကနေ ငွေကြေးအကျိုးအမြတ် တစ်ပြားတစ်ချပ်မှ မရယူထားပါဘူး။
၂။ မူပိုင်ခွင့်နဲ့ ဉာဏပိုင်ဆိုင်မှု
ဒီ dataset ထဲမှာပါတဲ့ စာသားတွေအားလုံးရဲ့ မူလပိုင်ဆိုင်မှု၊ မူပိုင်ခွင့်နဲ့ ဉာဏပိုင်ဆိုင်မှု အခွင့်အရေးတွေ အကုန်လုံးက မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန (MOI) နဲ့ပဲ အပြည့်အဝသက်ဆိုင်ပါတယ်။ ကျွန်တော်တို့က ဒီ dataset ကို "အရှိကို အရှိအတိုင်း" (as is) ပေးထားတာဖြစ်ပြီး၊ content တွေအပေါ်မှာ ကျွန်တော်တို့ပိုင်ပါတယ်လို့ လုံးဝမပြောပါဘူး။
၃။ အသုံးပြုခွင့်နဲ့ လိုင်စင်
ဒီ dataset ကို သုတေသနနဲ့ ပညာရေးရည်ရွယ်ချက်တွေအတွက် open-source အနေနဲ့ Creative Commons Attribution 4.0 International (CC BY 4.0) လိုင်စင်အောက်မှာ ဖြန့်ဝေထားပါတယ်။ ဒါပေမယ့် စီးပွားရေးအတွက် အသုံးပြုမယ်ဆိုရင်တော့ ပြန်ကြားရေးဝန်ကြီးဌာနဆီကနေ ခွင့်ပြုချက်ကို တိုက်ရိုက် သေချာတောင်းခံဖို့ အထူးပဲ အကြံပြုချင်ပါတယ်။
၄။ လုံးဝမပြုပြင်ခြင်း မူဝါဒ (တစ်ထေရာတည်း ပုံတူ)
Data ရဲ့ မှန်ကန်မှုကို ထိန်းသိမ်းဖို့အတွက်၊ ဒီ dataset ကို မူရင်းအချက်အလက်တွေနဲ့ တစ်ထေရာတည်း ဖြစ်အောင် ဖန်တီးထားပါတယ်။ ကျွန်တော်တို့ စာတစ်လုံးကိုတောင်မှ ပြင်တာ၊ ပြောင်းတာ၊ ချန်လှပ်တာ၊ တည်းဖြတ်တာတွေ လုံးဝမလုပ်ထားပါဘူး။ တရားဝင် website မှာ လွှင့်တင်ထားတဲ့အတိုင်း အတိအကျကို ပြသထားတာပါ။ ဘယ်အရာကိုမှ ဖျက်ထားတာ၊ ကွယ်ထားတာ၊ ဒါမှမဟုတ် ကိုယ်ဖြစ်စေချင်တဲ့ ပုံစံမျိုးဖြစ်အောင် ပြင်ထားတာ လုံးဝမရှိပါဘူး။ မူရင်းရေးသားသူတွေကို ကျွန်တော်တို့ အထူးပဲ လေးစားမှုရှိပါတယ်။
၅။ တာဝန်ယူမှုကင်းလွတ်ခွင့်နဲ့ ဘက်လိုက်မှုများ
ဒီ dataset ထဲမှာပါတဲ့ အသုံးအနှုန်းတွေ၊ ဝေါဟာရတွေ၊ အဆိုအမိန့်တွေ၊ သဘောတရားတွေနဲ့ ဇာတ်ကြောင်းတွေ အကုန်လုံးဟာ မူရင်းရေးသားသူတွေနဲ့ ထုတ်ဝေတဲ့အဖွဲ့အစည်းရဲ့ ကိုယ်ပိုင်အမြင်တွေ၊ ရှုထောင့်တွေနဲ့ ရည်ရွယ်ချက်တွေကိုသာ အတိအကျ ထင်ဟပ်နေတာပါ။ ဒါကြောင့် ဒီ data ထဲမှာ မူလကတည်းက ပါနေတဲ့ ဘက်လိုက်မှုတွေ၊ နိုင်ငံရေးရှုထောင့်တွေ၊ ဒါမှမဟုတ် ကိုယ်ပိုင်အမြင်တွေ ပါဝင်နေနိုင်ပါတယ်။
ဒီအမြင်တွေဟာ Khant Sint Heinn၊ DatarrX ဒါမှမဟုတ် ပါဝင်ကူညီသူတွေရဲ့ အမြင် လုံးဝမဟုတ်သလို၊ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကိုလည်း ထင်ဟပ်နေတာ မဟုတ်ပါဘူး။ မူရင်းစာသားတွေက ဘယ်လောက်ပဲ ဘက်လိုက်နေပါစေ၊ ကျွန်တော်တို့ကတော့ ကိုယ့်အမြင်တွေထည့်တာ၊ ကိုယ့်စိတ်ကြိုက် ပြင်တာတွေ လုံးဝမလုပ်ဘဲ data ကို အရှိကိုအရှိအတိုင်းပဲ ထုတ်ယူထားတာပါ။
DatarrX အနေနဲ့ ဒီ content တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအာမခံချက်မျိုးမှ မပေးပါဘူး။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ရှိလာရင်ဖြစ်စေ၊ အငြင်းပွားစရာဖြစ်စေ၊ အမြင်ကွဲလွဲမှုဖြစ်စေ စာဖတ်သူနဲ့ မူရင်းရေးသားသူ/ထုတ်ဝေသူတို့ကြားမှာသာ အတိအကျ သက်ဆိုင်ပါတယ်။
ကိုးကားရန် (APA Format)
တကယ်လို့ သင်က ဒီ dataset ကို သင့်ရဲ့ သုတေသန ဒါမှမဟုတ် application တွေမှာ အသုံးပြုမယ်ဆိုရင် အောက်ပါ format အတိုင်း ကိုးကားပေးပါနော်-
Khant Sint Heinn, & DatarrX. (2026). *MOI Myanmar Articles Dataset* [Data set]. Hugging Face. [https://huggingface.co/datasets/DatarrX/moi-myanmar-articles](https://huggingface.co/datasets/DatarrX/moi-myanmar-articles)
DatarrX မှ မြန်မာ NLP နယ်ပယ် တိုးတက်စေဖို့အတွက် စေတနာထားပြီး ဖန်တီးထားပါတယ်။
- Downloads last month
- 44